Product ထဲက Collections ဆိုတာကဘာလဲ ?
- Collections ဆိုတာကတော့ ကိုယ့်ရဲ့ product တူတာရော မတူတာတွေရော ကို တစ်နေရာထဲမှာ စုပြီးထည့်ထားတာမျိုးပါ ။ ဥပမာ - မိုးရာသီ promotion လိုမျိုး promotion item တွေတစ်နေရာထဲ စုပြီးပြထားတာ (သို့) ကိုယ့်ရဲ့ page မှာ အရောင်းရဆုံး ပစ္စည်းလေးတွေကို collect လုပ်ထားတာ စသဖြင့် ကို ဆိုလိုတာဖြစ်ပါတယ် ။
- Collections လေးတွေကို တော့ User App မှာ ပြပေးမှာဖြစ်ပါတယ် ။

- Collection လေးတွေ ထည့်ကြည့်ချင်တယ်ဆိုရင်တော့ ...
(i) Menu ထဲက product ကိုနှိပ်ပါ ။

(ii) Products ထဲရောက်ရင် collections ကိုနှိပ်ပါ ။

(iii) Collection List ထဲရောက်ရင်တော့ Hero collections ၊ System collections ၊ Your collection ဆိုပြီးတွေ့ရမှာပါ ဖြစ်ပါတယ် ။

- Hero Collections ဆိုတာ ကတော့ အရောင်းရဆုံး၊ popular အဖြစ်ဆုံး ၊ promotion ပေးမယ့် product လေးတွေကို ထည့်ပေးရမှာဖြစ်ပြီး user app ရဲ့ ထိပ်ဆုံးမှာ ပြပေးမှာဖြစ်ပါတယ် ။

- System Collections မှာတော့ New Arrivals နဲ့ Sales ကို မြင်တွေ့ရမှာဖြစ်ပါတယ် ။

- Your collections ဆိုတာကတော့ ကိုယ့် business အတွက် collection လေးတွေ ဖန်တီးလို့ရတာပဲဖြစ်ပါတယ် ။( ဥပမာ - Summer collections , cardigan collections စဖြင့် ကိုယ့်စိတ်ကြိုက် collect လုပ်ထားလို့ရတဲ့ သဘောမျိုးပဲဖြစ်ပါတယ် )
