System Collections

  1. System Collections မှာတော့ New Arrivals နဲ့ Sales ကို မြင်တွေ့ရမှာဖြစ်ပါတယ် ။
  1. New Arrivals နဲ့ Sales ကို ဘယ်လိုလုပ်ရမလဲဆိုတာလေးပြောပြပေးပါမယ် ။

(i) New Arrivals ကတော့ အသစ်ရောက်ပစ္စည်းလေးတွေကို manual ထည့်ပေးရမှာပါ ၊ System Collections ထဲက New Arrivals ကိုနှိပ်ပါ ။

(ii) New Arrivals ထဲရောက်ရင် User App မှာပြပေးချင်တဲ့ photo နဲ့ products ထည့်ပါ ။

အချက်အလက်များ ထည့်သွင်းရန် မြှားပြ ထားသည့်နေရာတွေကို တစ်ခုချင်းစီ နှိပ်ပြီးထည့်ပါ ။
Product တွေ select လုပ်ပြီးရင် Add ကို နှိပ်ပါ ။
photo နဲ့ products ထည့်ပြီးရင် ခုလိုမြင်တွေ့ရမှာဖြစ်ပါတယ် ။

(iii) User App မှာ မြင်တွေ့ရမယ့် ပုံလေးကိုပြပေးပါမယ် ။

မြှားပြထားတာကိုနှိပ်ပြီး ကိုယ်ထည့်ထားတဲ့ product တွေကို ကြည့်လို့ရမှာပဲဖြစ်ပါတယ် ။
ဒါကတော့ New Arrivals product တွေကိုမြင် နေရတာပဲ ဖြစ်ပါတယ် ။
  1. Sales ဆိုတာကတော့ Discount လုပ်တဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ (ဥပမာ - ကိုယ့်ရဲ့ product ကိုဈေးလျော့ပြီး promotion ပေးချင်တာ (သို့) product မှာ error ပါလို့ ဈေးလျော့ပေးတာ စသဖြင့် သဘောပြုလုပ်လို့ရတာပဲဖြစ်ပါတယ် )

(i) Sales ကို ဘယ်ကနေ လုပ်ရမလဲ ဆိုတာလေးဆက်ပြောပြပါမယ်၊ အရင်ဆုံး Home ထဲက Products ကိုနှိပ်ပါ ။

(ii) Products list ထဲက Sales လုပ်မယ့် product တစ်ခုကိုရွေးပါ ။

ဒီ product လေးနဲ့ sample လုပ်ပြပေးပါမယ် ၊ မြှားပြထားတဲ့ product ကိုနှိပ်ပါ ။

(iii) Variants အောက်က product ကိုနှိပ်ပါ ၊အကယ်၍ Variants မတူတာတွေထဲကမှ တစ်ချို့ကို ပဲ Sales လုပ်ချင်ရင် ကိုယ် sales လုပ်ချင်ရင် variants ကိုပဲရွေးပြီး လုပ်လို့ရပါတယ် ။

ဒီမှာတော့ variant တမျိုးကိုပဲ လုပ်ပြပေးထားပါတယ် တခြား variant ဆိုလည်းခုပုံစံမျိုးပဲ ပြုလုပ်ရမှာပါ ။

(iv) On Sale အောက်က Activate On Sale ကိုနှိပ်ပါ ။

(v) Activate On Sale ထဲရောက်ရင် Sale လုပ်မယ့် Price ကိုထည့်ပေးရပါမယ် ။ ( ဥပမာ - 22000 ကို 20000 နဲ့ ရောင်းမယ်ဆို Sale price မှာ 20000 ထည့်ပေးရမှာဖြစ်ပါတယ် )

(vi) Start date နဲ့ End date ထည့်ပါ ၊ ဘယ်နေ့ကစပြီး ရောင်းမယ် ဘယ်နေ့ထိရောင်းမယ်ဆိုတာ မျိုး ထည့်ပေးရပါမယ် ။

အထက်ပါ အတိုင်းဖြည့်ပြီးရင် save ကိုနှိပ်ပါ ။
save ပြီးရင်တော့ ဒီတိုင်းလေး မြင်ရမှာဖြစ်ပါတယ် ။
ကိုယ်ထည့်ထားတဲ Sales ကိုပြန်ကြည့်ချင်ရင်တော့ collection list ထဲက Sales ကိုနှိပ်ပါ။
ဒါကတော့ sales item လေးတွေပဲဖြစ်ပါတယ် ။
Sales အတွက် photo လေးကတော့ ဒီကနေထည့်ရတာပါ ၊ products ကတော့ အပေါ်မှာပြောထားတဲ့အတိုင်းထည့်ရင် system ကနေ auto ထည့်ပေးမှာဖြစ်ပါတယ် ။
ဒါကတော့ User App မှာပြန်ကြည့်လို့ရတဲ့ နေရာလေးပါ product တွေ အကုန်ကြည့်ဖို့အတွက် မြှားပြထားတဲ့ နေရာလေးကိုနှိပ်ပါ ။
ဒီပုံလေးကတော့ Sales လုပ်ထားတဲ့ product တွေကို မြင်နေရတာပဲဖြစ်ပါတယ် ။

မှတ်ချက် ။ ။ product တွေထည့်ကြည့်ပြီး user app မှာချက်ချင်းပြန်ကြည့်ချင်တာဆိုရင် app ကို reload လေးတော့လုပ်ပေးရပါမယ်နော် ။