Member levels ဘယ်လိုထည့်မလဲ?
ကိုယ့်ရဲ့ business မှာ membership အတွက် level (၄) မျိုးထိ သတ်မှတ်ထားလို့ရပါတယ် List ထဲမှာ auto သတ်မှတ်ပေးထားတာကတော့ zero point ကနေ စ သတ်မှတ်ထားတာဖြစ်ပြီး ကျန်တဲ့ level ကိုတော့ နှစ်သက်သလို သတ်မှတ်ပြီး ထပ် Add ထားလို့ရပါတယ် ။
- Menu ထဲက Business Setting ကို နှိပ်ပါ။

- Membership ကိုနှိပ်ပါ။

- Add New Level ကို နှိပ်ပါ။

- Member Level Information မှာ လိုအပ်တာထည့်ပါ ။

- Description မှာတော့ ကိုယ်သတ်မှတ်ချင်တဲ့ member level (or) point နဲ့ပတ်သတ်ပြီး သတ်မှတ်ချက်ရှိရင် ရေးလို့ရပါတယ် ၊ မရေးချင်လည်း ရပါတယ် ။

- အားလုံးထည့်ပြီးသွားရင်တော့ ဒီတိုင်းလေးပြပေးမှာဖြစ်ပါတယ် ။

- ဒီမှာဆိုရင် Auto ပါတဲ့ zero point ပြီးတော့ နောက်ထပ်ထည့်ထားတဲ့ member point မှာ အနည်းဆုံး 500 ဖြည့်လိုက်တဲ့ အတွက် မူလ ပါပြီးသားမှာ zero to 500 ထိက Level 1 ဖြစ်ပြီး 500 points ကျော်ရင်တော့ Silver level ကိုရောက်သွားမှာပဲဖြစ်ပါတယ် ။
