How to customize home page ?

ကိုယ်ပိုင် Application ရဲ့ Home page မှာ Hero collection ကိုနေရာပြောင်းတာ / search bar ကို အပေါ်ဆုံးမှာ ထားချင်တာ / categories ကို အဝိုင်း မဟုတ်ပဲ လေးထောင့်လေးပြောင်းချင်တာ စသဖြင့် customize လေးလုပ်ချင်တယ် ဆိုရင်တော့ .....

Home page ဆိုတာ ဒီနေရာလေးပါ ။
  1. Setting ထဲက Appearance ကိုနှိပ်ပါ ။
  1. Home Page ကို နှိပ်ပါ ။
  1. ဒီမှာပြထားတာလေးတွေက home page မှာ changes လုပ်လို့ရမယ့် menu လေးတွေဖြစ်ပါတယ် ။
ဒီမှာပြထားတဲ့ အစဉ်အလိုက်အတိုင်း App မှာပြနေတာဖြစ်ပါတယ် ။
  1. Fixed Navigation Header ကတော့ ဒီနေရာလေးကို ပြောတာပါ ။
ဒီမှာ ပြထားတဲ့နေရာလေးကို App မှာ မပြချင်ရင် ပိတ်ထားလို့ပါတယ် ။
ဒီနေရာကိုနှိပ်ပါ ။
App မှာ မပြချင်ရင် ခလုတ်လေးကို ပိတ်လိုက်ရင် ရပါပြီ ။
  1. Hero collection ကိုလည်း အပေါ် မှာမဟုတ်ပဲ အလယ်နားလောက်ထားချင်လည်းရပါတယ် ။
ဒီဟာလေးကို နှိပ်ပြီး drop /down နဲ့ ရွှေ့ပေးရတာပါ ။
ဒီကို နှိပ်လိုက်ရင်တော့ ဒီဇိုင်းလေးပြောင်းလို့ရမှာဖြစ်ပါတယ် ။
လုံးဝမပြချင်ရင် ခလုတ်နှိပ်ပြီး ပိတ်ထားလို့ရပြီး ပုံလေးနှစ်ပုံက ဘယ်ဒီဇိုင်းထားချင်လဲဆိုတာလေးရွေးပြီးထားလို့ရတာလေးပါ ။
  1. ဒါကတော့ category လေးတွေကို ဘယ်လိုပုံစံထားမလဲ ဆိုတာရွေးလို့ရတာလေးပါ ။
categories နဲ့ပတ်သတ်ပြီး တခုခုပြောင်းချင်ရင် ဒီကို နှိပ်ပါ ။
category ကို ပုံစံ ၃ မျိုး ထဲက တခုရွေးပြီးထားလို့ ရမှာဖြစ်ပါတယ် ၊လုံးဝမပြချင်ရင် ခလုတ်နှိပ်ပြီး ပိတ်ထားလို့ရပါတယ် ။
  1. Search bar ကတော့ အဖွင့်အပိတ်နဲ့ အပေါ်အောက် ပဲ ချိန်းလို့ရမှာဖြစ်ပါတယ် ။
search bar မထည့်ချင်ရင် ဒီကိုနှိပ်ပါ ။
ဒါလေးပိတ်လိုက်ရင် App မှာ search bar ကို ပြပေးတော့မှာမဟုတ်ပါဘူး။
search bar ကို နေရာပြောင်းချင်တာ ဆိုရင်တော့ drop /down လေးနဲ့ ပြောင်းလို့ရမှာဖြစ်ပါတယ် ။
  1. Sales collection မှာ ဆိုရင် cover ပုံနဲ့ ပြမလား ? product ချည်းပဲ ပြမလားဆိုတာ လေးရွေးလို့ရမှာဖြစ်ပါတယ် ။
ပထမဆုံးပုံလေးက admin ကထည့်ထားတဲ့ collection ပုံလေးနဲ့ ပြပေးမှာဖြစ်ပြီး ဒုတိယပုံလေးကတော့ product ချည်းပဲ ပြပေးမှာဖြစ်ပါတယ် ။ လုံးဝ မပြချင်ရင်တော့ ပိတ်ထားလို့ရပါတယ် ။
  1. New Arrivals နဲ့ Your collection ကို လည်း sales collection လိုပဲ ပုံစံလေးတွေပြောင်းလို့ရမှာဖြစ်ပါတယ် ။
ဒါကတော့ New arrivals မှာ ပြောင်းလို့ရမယ့်ပုံစံလေးပါ ၊Your collection လည်းတူတူပါပဲ ။

မှတ်ချက် ။ ။ All product လေးက ဘာမှ ပြင်လို့မရသေးပါဘူး အပေါ်က menu လေးတွေလည်း လက်ရှိမှာတော့ ဒီလောက်ပဲ customize လုပ်လို့ရပါအုံးမယ်နော် ။