Customer ငွေလွှဲ ပြီးကြောင်း ကိုဘယ်မှာကြည့်ရမလဲ ?

Application ကနေ customer က ‌order တင်လိုက်ပြီး ငွေတစ်ခါထဲ လွှဲထားတယ်ဆိုရင် ဘယ်မှာ ကြည့်ရမလဲဆိုရင်တော့ ....

  1. Orders ထဲက နေ Customer ရဲ့ order ကိုရှာပြီး နှိပ်ပါ ။
  1. Order detail ထဲ‌ရောက်ရင် payment ကို နှိပ်ပါ ။
  1. Customer ငွေလွှဲထားရင် payments နားမှာ ဒီလိုလေးပြနေမှာပါ ။
pending ပြနေတာလေးက ငွေလွှဲကို admin က အတည်မပြုရသေးဘူးဆိုတဲ့သ‌ေဘာမျိုးပါ ။
  1. Customer ရဲ့ payment ရမရ အတည်ပြုရန် အပေါ်မှာ ပြထားတဲ့နေရာကို နှိပ်ပါ။
Edit payment ထဲရောက်ရင် customer ရဲ့ ss မှန်မမှန်ကို ကိုယ့်ရဲ့ bank အကောင့်ကို စစ်လို့ရပါတယ်
  1. ငွေလွှဲ အတည်ပြုပြီးတာနဲ့ status ကို နှိပ်ပါ ။
ငွေလွှဲရောက်ရင် Approved မရောက်သေးရင် pending ss က တခြားပုံဖြစ်နေ ရင် rejected လုပ်လိုက်လို့ရပါတယ် တခုခု ရွေးပြီး save နှိပ်ပါ ။
ဒါကတော့ approved လုပ်ထားတဲ့ ပုံစံလေးပါ ။
  1. Approved ဖြစ်တာနဲ့ paid လို့ ပြပေးမှာဖြစ်ပါတယ် ။
တကယ်လို့ customer က ငွေတစ်ဝက် သို့ အပြည့်မလွှဲထားရင်လည်း ရသလောက်ကို edit payment မှာ ထည့် ပြီး approved နှိပ်လိုက်ရင် partial paid လို့ပြပေးမှာဖြစ်တဲ့အတွက် customer ဆီက ငွေရရန်ကျန်နေတယ်ဆိုတာမျိုး သိနိုင်မှာပါ ။

မှတ်ချက် ။ ။ Customer က App ကနေ Cash on deli ရွေးလိုက်တယ်ဆိုရင်တော့ order detail ထဲ က payment ကိုနှိပ်ရင် No Transaction လို့ ပဲပြနေမှာပါ ။