App စသုံး‌ရင် ဘာတွေ အရင်လုပ်ရမလဲ ?

App ထဲကို ဝင်ပြီးပြီ ဘာတွေ ဘယ်လို စလုပ်ရမလဲဆိုရင်တော့ ....

  1. Password အရင်ချိန်းပါ ။

SMS ကနေ auto ပို့ပေးထားတဲ့ Password က မှတ်ရခတ်တာကြောင့် ကိုယ့်ထားချင် တဲ့ Password ကိုအရင်ချိန်းထားဖို့လိုပါမယ်နော် ။ Login ဝင်တိုင်း SMS ထဲကို ပြန်သွားကြည့်ရတာက အလုပ်ပိုရှုပ်မှာ စိုးလို့ပါ။

  1. Employee ထည့်ပါ ။

Account ရပြီဆိုတာနဲ့ ဒီ app ကို ပေးသုံးမယ့် ဝန်ထမ်းတွေကို ပါ ကိုယ့်ရဲ့ business ထဲ ထည့်ထားပေးဖို့ လိုပါမယ်နော် ဒါမှ တခြားသူတွေပါသုံးလို့ရမှာဖြစ်ပါတယ် ။ ဖုန်းနံပါတ်တခုကို တစ်‌ယောက်ပဲသုံးလို့ရမှာကြောင့်ပါ ။

  1. Facebook နဲ့ချိတ် ပါ။

Login ဝင်ပြီးလို့ Employee ထည့်ပြီးတာနဲ့ Customer ကိုစာပြန်ပို့ဖို့အတွက် Facebook နဲ့ ချိတ်လိုက်မှ စာ စ ပို့လို့ရမှာပဲဖြစ်ပါတယ် ။

  1. Product ထည့်ပါ ။

ကိုယ့်ရဲ့ Business မှာ ရောင်းနေတဲ့ ပစ္စည်းတွေက အများကြီးရှိမှာဆိုတော့ product လေးတွေကို တခါထဲ အချိန်နည်းနည်းပေးပြီးထည့်ထားလိုက်တာနဲ့ Customer လာမေးတာနဲ့ အဆင်သင့်ပို့လိုက်ရုံပါပဲ ။

ဒီ ၄ ချက်ကတော့ App စသုံးတာနဲ့ မဖြစ်မနေ အရင် လုပ်ရမယ့် အချက်လေးတွေပဲ ဖြစ်ပါတယ် ကျန်တာ ကတော့ သုံးရင်းနဲ့ မှ ပိုသိသွားပါလိမ့်မယ်နော် ။